418

တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား နမ့်ဆန်မြို့မှ ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
02 August 2024

တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား နမ့်ဆန်မြို့မှ ဆွတ်ခူးရရှိ


ဩဂုတ်လ ၂ရက်


တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၄) ကြိမ်မြောက် အမြင့်ဆုံး သိန်း ၅၀၀ ဆုအား တအာင်းပြည် နမ့်ဆန်မြို့၊ ဇယန်းမြောက် ရပ်ကွက်(၁၁)တွင် နေထိုင်သည့် ယာဒါင်းဦးဆိုသူ ဆွတ်ခူးရရှိသွားသည်။





(၁၄) ကြိမ်မြောက် ထီ ဖွင့်ပွဲအား ယမန်နေ့ သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင် ဖွင့်လှစ်သည်။

(၁၄)ကြိမ်မြောက် သိန်း(၅၀၀)၏ ဂဏန်းသည် အက္ခရာ A - 62627 ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀) ဆု (၁) ဆု၊ သိန်း(၅၀)ဆု (၃)ဆု၊ သိန်း (၃၀) ဆု(၅) ဆု၊ (၁၀) သိန်းဆု (၁၀) ဆု၊ (၅) သိန်းဆု (၁၀) ဆုနဲ့(၂)သိန်းဆု (၃၀) စုစုပေါင်း(၅၅)စု ပေးအပ်ခဲ့သည်။





ပြီးခဲ့သည့် ဇွန်လ (၁၃)ကြိမ်မြောက်၏ သိန်း ၅၀၀ ဆုအား ကွတ်ခိုင်မြို့နယ် ဟိုမောရွာမှ အက္ခရာ C-76643ဖြင့် ဆွတ်ခူးရရှိသွားသည်။

ဇူလိုင်လအတွင်း ထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း(၇၀၀)သာ ပေးအပ်ထောက်ပံ့နိုင်ရာ ပြီးခဲ့သည့် ယခင်လများထက် ထီ ရောင်းအား ကျဆင်းလာသည်။





တအာင်းထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ် (၁၀) မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားသည်။






စာသင်ကျောင်းများအတွက် လိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ‌ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား နမ့်ဆန်မြို့မှ ဆွတ်ခူးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်