413

လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၅)ဉီးသေဆုံးပြီး နေအိမ်(၁၅)လုံး ထိခိုက်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
31 July 2024

လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၅)ဉီးသေဆုံးပြီး နေအိမ်(၁၅)လုံး ထိခိုက်ပျက်စီး


တအာင်းပြည်၊ ဇူလိုင် ၃၁ ရက်


တအာင်းပြည်၊ တပ်မဟာ(၆) နယ်မြေ လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅)ဦးသေဆုံးပြီး နေအိမ် (၁၅) လုံးထိခိုက်ပျက်စီးသွားခဲ့သည်။





ဖြစ်စဉ်တွင် ‌ဇူလိုင် (၃၁) ရက်နေ့ ယနေ့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုကြောင့် လားရှိုးမြို့ရှိ ရပ်ကွက်(၉)တွင် ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်ပြာကျသွားခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့တွင်လည်း လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး ထိမှန်သေဆုံးသွားခဲ့ကာ မြို့တွင်းရှိ ဆိုင်ခန်းနှင့် နေအိမ် (၁၅) လုံးထိခိုက်ပျက်စီးသွားခဲ့သည်။






တိုက်ပွဲ (၃၆) ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများတည်ရှိရာနေရာသို့ ဦးတည်ပြီး  လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း (၁၃၃) သေဆုံးပြီး (၁၇၀) ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် (၁၀၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၅)ဉီးသေဆုံးပြီး နေအိမ်(၁၅)လုံး ထိခိုက်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်