395

၁၀၂၇ စစ်ဆင်​ရေး အပိုင်း(၂) တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
25 July 2024

၁၀၂၇ စစ်ဆင်​ရေး အပိုင်း(၂) တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရ


တအာင်းပြည်၊ ဇူလိုင် ၂၅ ရက်

တအာင်းပြည်သတင်း


PSLF/TNLA နှင့် မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ (၂၅) ရက်နေ့တွင် စတင်ဆင်နွှဲခဲ့ပြီး ယနေ့ ဇူလိုင် (၂၅) ရက်နေ့သည် (၁) လပြည့်ခဲ့ပြီဖြစ်သည်။






တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၂၅) ဦးသေဆုံးပြီး (၁၆၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်(၉၃)အိမ်၊ ဘုန်းကြီးကျောင်း(၈)ကျောင်း နှင့် စာသင်ကျောင်း (၇) ကျောင်း  ထိခိုက်ပျက်စီးသွားခဲ့သည်။


ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ (၁)လအတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်  အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၂၄)ဦးသေဆုံးပြီး အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၂၁) ဦး၊ ကလေး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃၇) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးသွားခဲ့သည်။





အလားတူ နောင်ချိုမြို့နယ်တွင် အရပ်သား အမျိုးသား (၁၀)ဦး၊ အမျိုးသမီး(၈)ဦးသေဆုံးပြီး အမျိုးသမီး (၃)ဦးနှင့် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားနေအိမ် (၁၃) အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီး သွားခဲ့သည်။


ထိုအပြင် မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား(၁၁)ဦး သေဆုံးပြီး အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၂)ဦးနှင့် ကလေး(၁၀)ဦးထိခိုက်ဒဏ်ရာရကာ လူနေအိမ် (၂၉)အိမ် ဘုန်းကြီးကျောင်း(၂) ကျောင်းထိခိုက်ပျက်စီးခဲ့သည်။


၄င်းအပြင် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိကာ နေအိမ်(၅)အိမ် စာသင်ကျောင်း(၂) ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။


ထို့နည်းတူ လားရှိုးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး(၁၂)ဦး ကလေး (၅)ဦးသေဆုံးပြီး အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ်(၉) အိမ်၊ ဘုန်းကြီးကျောင်း(၃) ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်းထိခိုက်ပျက်စီးသွားခဲ့သည်။


သီပေါမြို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ  (၅)ဦး လက်နက်ကြီးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


တိုက်ပွဲ (၁)လအတွင်းတွင် စစ်ကောင်စီက စစ်ရှံး၍ အရပ်သားများရှိရာသို့ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးခဲရပြီး (၁၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ဒေသခံ (၃၀၀၀၀)ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်​ရေး အပိုင်း(၂) တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်