368

စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေး ငယ် (၁)ဦးအပါ (၂)ဦးသေဆုံးပြီး၊ (၅)ဦးပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
16 July 2024

စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေး ငယ် (၁)ဦးအပါ (၂)ဦးသေဆုံးပြီး၊ (၅)ဦးပြင်းထန်ဒဏ်ရာရ


မိုးကုတ်၊ ဇူလိုင် ၁၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့တွင် စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁) ဦးအပါအဝင်(၂) သေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။




ဖြစ်စဥ်တွင် ယမန်နေ့ ဇူလိုင်လ(၁၅) ရက်နေ့ ည (၉း၀၀)အချိန်တွင်  မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှ နေ၍ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီ ရပ်ကွက်ဘက်သို့ အတွဲလိုက်ဒုံးပစ်ခတ်တိုက်ခိုက်ရာ ထိုနေရာရှိ အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။





ထိုလက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အသက် (၇) နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် (၄၀) နှစ်အရွယ် ယာအိမြတ်မွန်ဆိုသူထိမှန်သေဆုံးသွားသည့်အပြင် အသက် (၁၈)နှစ်အရွယ် လွေးသိမ့်သီင်္ဂီအေး၊ အသက် (၁၄)နှစ် လွေးဆုမြတ်ဆန်ဒီ၊ အသက် (၈၄)ရှိ ဒေါ်ခင်စိန်၊ အသက် (၄၄)နှစ်ရှိ ဦးဝင်းကျော်သူခိုင်နှင့် အသက် (၄၀)အရွယ် ဒေါ်ဖြူဖြူမွန် တို့တွင် လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာအသီးသီးရရှိခဲ့သည်။




ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဇူလိုင် (၁၄) ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်တာ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလ (၂)ရက်အတွင်း အရပ်သား (၃) ဦးသေဆုံးပြီး (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


တိုက်ပွဲ (၂၂) ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၆၉) ဦးသေဆုံးပြီး (၁၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေး ငယ် (၁)ဦးအပါ (၂)ဦးသေဆုံးပြီး၊ (၅)ဦးပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်