363

တစ်ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅) ဦး သေဆုံး၊ (၁၂) ဉီးထိခိုက်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
14 July 2024

တစ်ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅) ဦး သေဆုံး၊ (၁၂) ဉီးထိခိုက်ဒဏ်ရာရရှိ


ဇူလိုင် ၁၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂)၊ တပ်မဟာ (၆)နှင့် တပ်မဟာ (၃)စစ်ဒေသတို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တစ်ရက်အတွင်း အရပ်သား (၅)ဦးသေဆုံးပြီး (၁၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။







ဖြစ်စဥ်တွင် မိုးကုတ်မြို့အရှေ့ပိုင်းတွင် ညနေ (၃:၄၅)အချိန် စစ်တန်းကုန်း ရပ်ကွက်ရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁)ဉီးနှင့် အမျိုးသမီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိပြီး သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတား ရပ်ကွက်တို့တွက်လည်း လက်နက်ကြီးစထိမှန်ပြီး အရပ်သား (၇)ဦး ဒဏ်ရာရကာ (၃) ဉီးသေဆုံးသွားခဲ့သည်။







အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၁)ရှိ နေအိမ်တစ်အိမ်ပေါ်သို့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျောက်မဲမြို့နယ် မန်မိုင်ရွာတွင်လည်း အမျိုးသမီး (၁)ဦးသေဆုံးသွားခဲ့သည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက် (၄) တွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အသက် (၅၀) နှစ်အရွယ်အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။








ထို့အတူ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမ်းခမ်းအင်တွင်လည်း ယမန်နေ့ည (၁၀) နာရီအချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၃၈) နှစ်အရွယ် ဦးသိန်းသန်းဆိုသူ ပွဲချင်းပြီးသေဆုံးပြီး နေအိမ် (၁) လုံးပျက်စီးသွားခဲ့သည်။

တိုက်ပွဲ (၂၀) ရက်အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ စုစုပေါင်း (၆၆) ဦးသေဆုံးရှိပြီး (၁၀၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၅) ဦး သေဆုံး၊ (၁၂) ဉီးထိခိုက်ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်