358

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀) လုံးထိခိုက်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
12 July 2024

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀)  လုံးထိခိုက်ပျက်စီး


လားရှိုး၊ ဇူလိုင် ၁၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂)၊(၅)၊(၆) စစ်ဒေသတို့တွင် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄)ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀) လုံးထိခိုက်ပျက်စီးသွားခဲ့သည်။




ဖြစ်စဉ်တွင် ယနေ့ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် လားရှိုမြို့ရပ်ကွက် (၈)ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်(၁) လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ ရပ်ကွက် (၁၀) ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်တွင်လည်း လက်နက်ကြီး (၅) လုံးထက်မနည်းကျရောက်ပေါက်ကွဲခဲ့သည်။




ယမန်နေ့တွင်လည်း လားရှိုးမြို့ရပ်ကွက် (၁) ၊ ရပ်ကွက် (၁၀)၊ ရပ်ကွက် (၈) တို့တွင်  လက်နက်ကြီးကျ ရောက် ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်နေအရပ်သား (၄) ဦး ​လက်နက်ကြီးစထိမှန်သေဆုံးခဲ့ရပြီး နေအိမ် (၁) လုံးမီးလောင်ပြာ ကျသွားခဲ့သည်။


အလားတူ ယနေ့ နံနက်အစောပိုင်း (၁း၀၀)နာရီအချိန်တွင်  ကိုးကန့်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် ဗုံး (၃)လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမှတ်(၁) အထက်တန်းကျောင်း၊ ပညာရေးမှူးရုံး၊ မူလတန်းကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်။





ထို့အပြင် မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ (၁၀)တွင် လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုဖြစ်ပွားရာ လူထိမှုမရှိသော်လည်း မြို့မ ရပ်ကွက်တွင် နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့သည်။


တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁၈) ရက်တာကာလအတွင်း စစ်ကောင်စီမှ အရပ်သားများအားဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၅၈) ဉီး သေဆုံးပြီး (၈၂) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် (၁၀၀)နီးပါး ထိခိုက်ပျက်စီးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထပ်မံသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ် (၁၀) လုံးထိခိုက်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်