351

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃) ဉီးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
10 July 2024

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃) ဉီးထိခိုက်ဒဏ်ရာရ

မိုးမိတ်၊ ဇူလိုင် ၁၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ်ကလေးငယ် (၁)ဉီး ပွဲချင်ပြီး သေဆုံးသွားခဲ့ပြီး (၃)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ရွှေတောင်ဦးရွာနှင့် သရက်တောရွာသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ရွှေတောင်ဉီးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် (၁၁) နှစ်အရွယ် ကလေးငယ်(၁) ပွဲချင်းပြီးသေဆုံးပြီး (၂)ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီး (၁)ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။





ယမန်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်နှင့် မြို့လယ်ရှိနေအိမ်တစ်အိမ် ထိခိုက်ပျက်စီးသွားခဲ့သည်။





တိုက်ပွဲ (၁၅) ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၅၀)ဉီးသေဆုံးပြီး (၇၀)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃) ဉီးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်