542

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
16 September 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ စက်တင်ဘာ(၁၆)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတ၀ိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေရွာအနီးတ၀ိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။





ယနေ့ နံနက်  (၂း၃၀) နာရီအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌လည်းကောင်း၊ တောင်ခမ်းရွာအနီးတ၀ိုက်တွင် နေ့လည် (၁၁း၀၀)နာရီအချိန်၌လည်းကောင်း၊ ညနေ (၃း၄၀)နာရီအချိန်တွင် မကျီးရေရွာအနီးတ၀ိုက်၌လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ (၃း၄၅)နာရီအချိန်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ သီပေါမြို့ စစ်ကောင်စီ ခလရ (၂၃)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၁၃)ကြိမ် ဗုံး(၈၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။






ထို့အပြင် စစ်ကောင်စီ ခမရ (၂၃)တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y-12 ဖြင့် (၁)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်