530

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၁)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
13 September 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၁)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ

တအာင်းပြည်၊ စက်တင်ဘာ(၁၃)ရက်
တအာင်းပြည်စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယနေ့ည (၇း၂၀)နာရီအချိန်တွင် စစ်ကောင်စီ၏အမြောက်တပ် (၃၅၄)တပ်စခန်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့တွင် စစ်ကောင်စီတပ်သည် ဟောင်၀ိဇာလက်နက်ကြီးဖြင့် ဗုံး(၁၃)လုံး လာရောက်ကြဲချခဲ့သည်။

ယနေ့ နေ့လည် (၁၂း၃၀)နာရီအချိန်မှ (၁း၃၀)နာရီအချိန်ထိ စစ်ကောင်စီတပ်သည် လေကြောင့်အသုံးပြီး ဗုံး (၁၃)လုံး လာရောက်ကြဲချကာ နောင်ချိုမြို့၏ ရဲစခန်းထိခိုက်ပျက်စီးသွားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၁)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်