484

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၀)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
23 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၀)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွား


တအာင်းပြည်၊ သြဂုတ်လ(၂၃)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်း၊ နားရှိုးရွာနှင့် မကျီး‌‌ရေရွာဘုန်းတော်ကြီးကျောင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။






ယနေ့ နံနက်ပိုင်း (၉း၁၅) နာရီအချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း၌လည်းကောင်း၊ (၂း၃၀)နာရီအချိန်တွင် နားရှိုးရွာ၌လည်းကောင်း၊ (၁၁း၁၅) နာရီအချိန်တွင် မကျီးရေရွာဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။


တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂) တပ်စခန်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။






ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၆၀)ရက်မြောက် နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်