472

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၃)ရက်မြောက်နေ့ တအာင်းပြည် မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
16 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၃)ရက်မြောက်နေ့ တအာင်းပြည် မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်


တအာင်းပြည်၊ သြဂုတ် (၁၆)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂)နယ်မြေ သီပေါမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၂၃) တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။ 






ယနေ့ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၆၃)လုံး အရပ်သားပြည်သူများ ဦးတည်ပြီး နေ့စဉ်လာရောက်တိုက်ခိုက် ဗုံးကြဲချခဲ့သည်။


အလားတူ တပ်မဟာ(၂)နယ်မြေ မိုးမိတ်မြို့နယ် ကင်းချောင်းရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 






တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် နမ့်ဆန်မြို့တွင်လည်း ဒုတိယကြိမ် Jet Fighter ဖြင့် (၁)ကြိမ် တိုက်ခိုက်ခဲ့သည်။ 


ယနေ့ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ်၊ Y12 ဖြင့် (၅) ဗုံး(၆၇)လုံး လာရောက်ကြဲချခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၃)ရက်မြောက်နေ့ တအာင်းပြည် မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်