466

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၁)ရက်မြောက်နေ့ တအာင်းပြည် နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
14 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၁)ရက်မြောက်နေ့ တအာင်းပြည် နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်


တအာင်းပြည်၊ သြဂုတ် (၁၄)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။ 




တောင်ခမ်းနှင့် နောင်လင်ရွာ၌ တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်နှင့်သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။




အလားတူ တပ်မဟာ (၂)နယ်မြေ သီပေါမြို့  ခလရ (၂၃) တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆)ကြိမ် ဗုံး(၁၂၄)လုံး လာရောက်ကြဲချခဲ့သည်။




ယနေ့ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ  Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၅၁)ရက်မြောက်နေ့ တအာင်းပြည် နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်