425

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၀)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
03 August 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၀)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်

 

တအာင်းပြည်၊ သြဂုတ်လ ၃ ရက်

တအာင်းပြည် စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ယနေ့ နံနက် (၉း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသော စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၉)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် Y12 ဖြင့် ဂေါက်ကွင်းအနီးတဝိုက်နှင့် ခမရ - ၅၀၁ စခန်းအနီးသို့ ဗုံး (၂၂)လုံး လာရောက်ကြဲချခဲ့သည်။

 



ယနေ့ သြဂုတ်လ ၃ ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၉)ကြိမ်လာရောက် ကြဲချပေးခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၄၀)ရက်မြောက် တအာင်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်