394

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၁)ရက်မြောက် နောင်ချိုမြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 July 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၁)ရက်မြောက် နောင်ချိုမြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင် (၂၅)ရက်

တအာင်းပြည် စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့ ယနေ့ မွန်လွဲပိုင်း (၂း၅၀)နာရီအချိန် ရေဖြူရွာတွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့ ယနေ့ ညနေ (၅း၁၆)နာရီအချိန်တွင် စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။

 

ထို့ပြင် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ကျန်ရှိနေသော ဗျူဟာကုန်းအတွင်းသို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် လက်နက်ခဲယမ်းများ (၁)ကြိမ် လာရောက်ကျဲကြခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၁)ရက်မြောက် နောင်ချိုမြို့နှင့် မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်