390

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
24 July 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


တအာင်းပြည်၊ ဇူလိုင် (၂၄)ရက်

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၁၇း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့သည်။ 




အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့ ယနေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်ုးကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။ 




ထို့ပြင် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ် သဲခေါ်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အုမ္မတီးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်