382

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၄) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
18 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၄) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၁၈)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ် (အရှေ့ပိုင်း) စစ်ကောင်စီတပ် လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ရေကန်တောင်နှင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ ယနေ့ နံနက် (၁ဝး၁၅)နာရီချိန်တွင် လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းနှင့် လက်နက်ခဲယမ်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့သည်။

 




အလားတူ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များမှ တပ်ပြင်ပသို့ ထိုးစစ်ဆင်လာသောကြောင့် တပ်စခန်းအနီးတဝိုက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ ညနေ (၆း၀၂)နာရီချိန်တွင်လည်း ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါးအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




တပ်မဟာ(၂)နယ်မြေ ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် ဗုံး (၁၈)လုံး၊  Jet Fihgter ဖြင့် (၆)ကြိမ် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၄၈)လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မိုးမိတ်မြို့နယ် စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၄) ရက်မြောက် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် ကျောက်မဲနှင့် မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်