365

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၁) ရက်မြောက် တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
15 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၁) ရက်မြောက် တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း အင်အားဖြည့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၁၅)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ- ၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် စခန်းအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA  တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ ကျောက်မဲမြို့နယ် နတ်တောင်အနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




အလားတူ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာ ယနေ့ နေ့လည် (၁၂း၃၃)နာရီအချိန်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 



ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နောင်အောရွာနှင့် သဲခေါ်ရွာသို့ ဘန်ဘွေးအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၁) ရက်မြောက် တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်