362

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၀) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ တအာင်းမတော် TNLA ရှိရာသို့ ဒရုန်းဖြင့်တိုက်ခိုက်

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
14 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၀) ရက်မြောက်   မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ တအာင်းမတော် TNLA ရှိရာသို့ ဒရုန်းဖြင့်တိုက်ခိုက်

 

တအာင်းပြည်၊ ဇူလိုင်(၁၄)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထို့အတူ တောင်ကုန်းဘုန်းကြီးကျောင်းအနီးတဝိုက် တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၇၆ နှင့် တအာင်းတပ်မတော် TNLA + PLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 




အလားတူ တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈) နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာသို့ စစ်ကောင်စီတပ်မှ  Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

 



ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် သံဘိုရွာသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ်နှင့် ဘန်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် (၁၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၂၀) ရက်မြောက် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး၊ စစ်ကောင်စီတပ်မှ တအာင်းမတော် TNLA ရှိရာသို့ ဒရုန်းဖြင့်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်